ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ပုသိမ်တွင် ပြုလုပ်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၂၈ရက် နံနက်၁၀နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း ဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင် မှ အဖွင့်အမှာ စကားပြေားကြားပြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးတိုင်းဒေသကြီးအဆင့် လုပ်ငန်း ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး ဝန်ကြီးဒေါက်တာလှမြတ်သွေးမှ လုပ်ငန်း များဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့်လုပ်ငန်းကော်မတီအတွင်းရေးမှူး(၁)၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးဒေါက်တာသန်းထွန်းအောင်၊ တိုင်းဒေသကြီး အဆင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်း တို့မှ တိုင်း ဒေသ ကြီးအတွင်း Covid-19 ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းနှင် ပတ်သက်၍ ဆောင်ရွက် ထားရှိမှု အခြေအနေ၊ (၅.၁.၂၀၂၀) ရက်မှယနေ့ အထိပြည်သူ လူထုအားကျန်းမာရေး ပညာပေးခြင်း၊ (၅.၁.၂၀၂၀) ရက်မှယနေ့အထိ COVID-19 ရောဂါစောင့်ကြည့် လူနာများအခြေအနေ၊ Hospital Quarantine ထားရှိမှု အခြေအနေ၊ နိုင်ငံသားနှင့်နိုင်ငံခြားမှ ပြန်လာသူ မြန်မာနိုင်ငံသားများအား စောင့်ကြပ်ကြည့်ရှုခြင်း၊ Facillty Quarantine ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ခရိုင်အလိုက် အလှူငွေ / ဆေးလက်ခံရရှိမှု အခြေအနေ၊ ပစ္စည်းလက်ကျန်စာရင်း လိုအပ်ချက်၊ COVID-19 အတွက် Ambulance နှင့် Driver ပြင်ဆင် ထားရှိမှုအခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။


ထို့နောက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ခရိုင်အဆင့်လုပ်ငန်း ကော်မတီဥက္ကဌ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးများက ခရိုင်အတွင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှ တင်ပြချက်များနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကာ တက်ရောက်လာသော တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြကြပြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်မှ နိဂုံးချုပ် စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ် (၂၆)မြို့နယ်တွင် Facillty Quarantine Centre (၁၅၀) ဖွင့်လှစ်ထားပြီး မတ်လ၂၈ရက်နေ့အထိစောင့်ကြပ်ကြည့်ရှူသူပေါင်း(၆၆၃)ဦးရှိကြောင်း သိရသည်။

06-Apr-2020
2025 Ayeyarwady Division