ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တက္ကသိုလ်ဝင်တန်း (၁၀)တန်းစာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူများ လုံခြုံစိတ်ချစွာ စာဖြေကြားနိုင်ရေးနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ စာဖြေဆိုနေမှု အခြေအနေများအား လိုက်လံကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၁)ရက်နေ့တွင် ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ကန်ကြီးထောင်မြို့နယ်၊ တကုန်းကြီး အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများ၌ ကျင်းပပြုလုပ်သော တက္ကသိုလ်ဝင်တန်း (၁၀)တန်းစာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူများ လုံခြုံစိတ်ချစွာ စာဖြေကြားနိုင်ရေးနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ စာဖြေဆိုနေမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ပါသည်။

(ဧရာဝတီတိုင်းဒေသကြီးတွင် စာစစ်ဌာနပေါင်း (၂၇၉)ခုရှိပြီး ကျောင်းသား/ကျောင်းသူပေါင်း (၁၀၃၃၂၆)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပါသည်)

Photo By : Wai Zin

13-Mar-2020
2025 Ayeyarwady Division