ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး၏ ဒုတိယအကြိမ် မျိုးစေ့ပြပွဲ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ စပါးကျီကြီးဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝ၍ နိုင်ငံတကာ အဆင့်မီသီးနှံများ ထုတ်လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် မျိုးကောင်းများ ဖြန့်ဖြူးခြင်း၊ မြေဆီလွှာများ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ မြေဆီလွှာထိန်း သဘာဝ သွင်းအားစုများ ထည့်သွင်းခြင်း၊ ခေတ်မီနည်းပညာများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ခြင်းနှင့် စက်မှုလယ်ယာ စနစ်တကျ လယ်ယာမြေ ဖော်ထုတ်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ စံပြစိုက်ခင်းများ ထူထောင်၍ ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် သီးနှံထွက်နှုန်း ကွာခြင်းချက်များအား တောင်သူများ သိရှိအောင် ဆောင်ရွက်ခြင်း စသောလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၁)ရက်နေ့၊ (၀၈၃၀)နာရီအချိန်တွင် ပုသိမ်မြို့၊ မြိုတော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဧရာဝတီတိုင်းဒေသကြီး၏ ဒုတိယအကြိမ် မျိုးစေ့ပြပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဧရာဝတီတိုင်းဒေသကြီး၏ ဒုတိယအကြိမ်မျိုးစေ့ပြပွဲ ဆိုင်းဘုတ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျိုးစေ့ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

Photo By : Wai Zin

 

13-Mar-2020
2025 Ayeyarwady Division