ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် တည်ဆောက်လျက်ရှိသော တံတားတည်ဆောက်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်သွားရောက်ကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဓိကလုပ်ငန်းစဉ်ဖြစ်သည့်လမ်းပန်းဆက် သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား အလေးထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ်၊ မတ်လ ၅ရက်နေ့ ၁၅၀၀အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင် သည် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် တံတားအထူးအဖွဲ့(၁၅)မှ တည်ဆောက်လျက်ရှိသော ဝါးခယ်မတံတား တည် ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု့ခဲ့ပြီး ဝါးခယ်မတံတားတည် ဆောက်ရေးလုပ်ငန်းယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့ပြီးတံတားအထူးအဖွဲ့များမှ တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တံတားတည် ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းမီတည်ဆောက်ရေး၊ အလေအလွင့်နည်း ပါး၍ ဘဏ္ဍာငွေယိုဖိတ်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ ပြည်သူများအတွက်အမှန်တကယ် အကျိုးရှိစေရေးအလေးထားဆောင်ရွက်သွားကြရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေးတို့အားလမ်းညွှန်မှာကြားခဲ့ပါကြောင်းသတင်း ရရှိပါသည်။

Photo by : Wai Zin

06-Mar-2020
2025 Ayeyarwady Division