ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီ:အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ဟင်္သာတ ဆည်မြောင်းရိပ်သာ၊ မြနဒီခန်းမ၌ ကျင်းပပြုလုပ်သော တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီ:အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့ (၁၀၄၅)နာရီအချိန်တွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တာဝန်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ အထောင်မြို့၊ ရှားခဲ့တိုက်နယ် ဆေးရုံသို့ ရောက်ရှိ၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပြီး (၁၁၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်ဆေးရုံသို့ ရောက်ရှိ၍ ဆေးကုသမှုခံယူနေသော လူနာများအား အားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ရွှေစေတီလမ်း ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၃၃၀)နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ဟင်္သာတ ဆည်မြောင်းရိပ်သာ၊ မြနဒီခန်းမ၌ ကျင်းပပြုလုပ်သော ဟင်္သာတမြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၆၁၅) နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ဟင်္သာတမြို့နယ်၊ ယုံသလင်းတိုက်နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ စမူဟခန်းမ၌ ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

21-Jul-2016
2025 Ayeyarwady Division