ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့ ၊ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားတက်ရောက်

၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ပုသိမ်မြို့ ၊ ကျောက်တိုင်ကွင်း၌ ဇန်နဝါရီလ (၄)ရက်နေ့၊ နံနက် (၀၆၀၀)နာရီအချိန်၌ ကျင်းပရာ ရှေးဦးစွာ ဂုဏ်ပြုတပ်ခွဲမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား အလေးပြုကြပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသူများမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့သော လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားပါသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား (၃၀၀၀)ကျော် တက်ရောက်ကြပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေးပြီး ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။

08-Jan-2020
2025 Ayeyarwady Division