ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဒီဇင်ဘာ တတိယအပတ် လူထုအားကစားလ လူထု စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာတတိယအပတ် လူထုအားကစားလ လူထု စုပေါင်းလမ်းလျှောက်ပွဲကို နံနက်(၀၅:၄၅)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ စုရပ်မှ စတင်ပြီး မင်းကြီးလမ်း၊ ရွှေစေတီလမ်း၊ ကုန်သည်လမ်း၊ မြတ်လေးလမ်းမှ ကမ်းနားလမ်းအတိုင်း ရှုခင်းသာရင်ပြင်သို့ စုပေါင်းလမ်းလျှောက်ကြကာ စုပေါင်းကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ စုပေါင်းလမ်းလျှောက်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် အတူ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မိဘ ပြည်သူများ စုစုပေါင်း အင်အား(၁၅၀၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ 

23-Dec-2019
2025 Ayeyarwady Division