ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် Ayeyarwady International Industrial Port (AIIP) ဆိပ်ကမ်းရတနာပိုင်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ပုသိမ်စက်မှုမြို့တော်စီမံကိန်းအတွင်းရှိ စက်မှုကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်ထွက်ရှိသည့် ကုန်ပစ္စည်းများတင်ပို့ရန်နှင့် လိုအပ်သော စက်မှုကုန်ကြမ်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းနိုင်ရန်အတွက် ပြည်တွင်းပြည်ပ ဆိပ်ကမ်းများနှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Ayeyarwady International Industrial Port (AIIP) ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ရတနာပိုင်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ပုသိမ်စက်မှုမြို့တော်စီမံကိန်းအတွင်းရှိ ဆိပ်ခံတံတားတည်ဆောက်မည့်နေရာ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများမှ ရတနာပိုင်တိုင်အား စက်ခလုပ်နှိပ်ရိုက်သွင်းပေးခဲ့သည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် စီးပွားရေးသံမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ အဆိုပါ စက်မှုဆိပ်ကမ်း၏ စီမံကိန်း ပထမအဆင့်ကို ၂၀၂၀ ခုနှစ် နောက်ဆုံးလေးလပါတ်ကာလအတွင်း ဖွင့်လှစ်ဝန်ဆောင်မှုပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

Photo By : Wai Zin

29-Nov-2019
2025 Ayeyarwady Division