ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့နယ်ရှိ သက်တော် (၇၅)နှစ်၊ သိက္ခာတော် (၅၅)ဝါနှင့်အထက် သက်တော်ရှည် ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ကန်လှကျောင်းတိုက်သို့ ရောက်ရှိပြီး ပုသိမ်မြို့နယ်ရှိ သက်တော် (၇၅)နှစ်၊ သိက္ခာတော် (၅၅)ဝါနှင့်အထက် သက်တော်ရှည် ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ဆရာတော်ကြီးထံမှ ထေရဒဿနပူဇာနှင့် သြဝါဒခံယူပွဲ မင်္ဂလာအခမ်းအနားကို နေ့လည် (၁၂၀၀)နာရီအချိန်၌ ကျင်းပရာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

10-Oct-2019
2025 Ayeyarwady Division