ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ ကွင်းအမှတ် (၂၁၈/၁၅၃၆)၊ ဦးပိုင်အမှတ် (၁၂/၄)ရှိ တောင်သူဦးသိန်းဆိုင်ထွန်း၏ လယ်မြေ (၇.၀၀)ဧကပေါ်တွင် စိုက်နည်းစနစ်(၄)မျိုး စိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ စပါးကျီတိုင်းဒေသကြီးဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေမှန်၊ မျိုးမှန်၊စိုက်ပျိုးရေးနည်းစနစ်များ မှန်ကန်၍ တောင်သူများသီးနှံအထွက်တိုးပြီး ဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ စံပြစိုက်ခင်းများပြုလုပ်ကာ ဒေသခံတောင်သူများ စိုက်ပျိုးရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ (၁၆၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့သည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ ကွင်းအမှတ် (၂၁၈/၁၅၃၆)၊ ဦးပိုင်အမှတ် (၁၂/၄)ရှိ တောင်သူဦးသိန်းဆိုင်ထွန်း၏ လယ်မြေ (၇.၀၀)ဧကတွင် သက်လျင်/သက်လတ်စပါးမျိုးများ မျိုးယှဉ်ပြိုင်စိုက်ပျိုးထားရှိမှု၊ သစ်စိမ်းမြေသြဇာ ထည့်သွင်းစမ်းသပ်စိုက်ပျိုးထားရှိမှု၊ ထုံးစမ်းသပ်ထည့်သွင်းစိုက်ပျိုးထားရှိမှု၊ SRI စနစ်၊ ဘောင်ပျိုးစနစ်၊ ကြဲခင်းစနစ်၊ Seeder စနစ်စသော စိုက်နည်းစနစ်(၄)မျိုး စိုက်ပျိုးမှုအပေ အထွက်နှုန်းကွာခြားမှုအား တောင်သူများ နှိုင်းယှဉ်သိရှိနိုင်ရန် စိုက်ပျိုးထားရှိမှု အခြေအနေများအား လှည့်လှည်ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်မှန်ကန်၍ စပါးအထွက်နှုန်းတိုးတက်လာစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

Photo By : Wai Zin

21-Aug-2019
2025 Ayeyarwady Division