ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး ၊မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် တိရိစ္ဆာန်ဆေးဝါး(၁၅)မျိုးကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များသို့ ခွဲဝေပေးအပ်ခြင်းအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ သာမန်အသုံးစရိတ်ခွင့်ပြုငွေဖြင့် ရေနှစ်မြုပ် ဒေသများရှိ တိရစ္ဆာန်များအားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် (၃၁၁.၇၇၀ ကျပ်သိန်း) တန်ဖိုးရှိ တိရိစ္ဆာန်ဆေးဝါး(၁၅)မျိုးကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များသို့ ခွဲဝေပေးအပ်ခြင်းအခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီ:မှူးရုံးတွင် (၂-၈-၂၀၁၉) ရက် (၁၃:၀၀) နာရီ ၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ၊ စိုက်ပျိုးရေး ၊မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း တက်ရောက်၍ ခရိုင်နှင့်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးများထံသို့ ပေးအပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် မိုးရာသီရေကြီး နှစ်မြုပ်သည့်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်ရန်လိုအပ်သည့် တိရစ္ဆာန်များ အား ကုသမှုပေးနိုင်ရေးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ သာမန်အသုံးစရိတ်ခွင့်ပြုငွေ (၄၀၀.ဝကျပ်သိန်း) တန်ဖိုးရှိ ကျွဲနွား(စပ်စာတောင့်) (၄၅တန်)နှင့်ဝက်စာ(အစာနု) (၁၇တန်) တို့ကိုလည်း နှစ်စဉ်ရေဝင်ရောက်လေ့ရှိသည့် မြို့နယ်(၁၉)မြို့နယ်သို့ ခွဲဝေဖြန့်ဖြူးပြီးဖြစ်ပါသည်။

 

05-Aug-2019
2025 Ayeyarwady Division