ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကန်သာယာ (အာဇာနည်ကျောက်တိုင်ရင်ပြင်)၌ ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူပန်းခွေချခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့်အတူ (၁၉.၇.၂၀၁၉)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ကန်သာယာ (အာဇာနည်ကျောက်တိုင်ရင်ပြင်)၌ ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူပန်းခွေချခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအားလွှင့်တင်ကာ အလေးပြုကြပြီး နိုင်ငံတော်အလံအား တိုင်ဝက်သို့လျှော့ချကြပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများမှ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ လွမ်းသူပန်းခွေချကာ အလေးပြုကြပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်သူလူထုနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် နံနက် (၁၀၃၇)နာရီအချိန်တွင် အာဇာနည်ကျောက်တိုင်ရှေ့၌ မီးသတ်ကားများ ဥသြသံနှင့်အတူ (၂)မိနစ်ခန့် ငြိမ်သက်အလေးပြုခဲ့ပါသည်။

22-Jul-2019
2025 Ayeyarwady Division