ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတတ်ရောက်

(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား (၅.၅.၂၀၁၉)ရက်နေ့၊ နံနက်(၀၇:၀၀)အချိန်တွင် ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင်ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်မှဌာနဆိုင်ရာတာဝန်ရှိသူများ တတ်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၏ အလေးပြုခြင်းကိုခံယူ၍ (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအားပြောကြားပေးခဲ့ပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးသတ်တပ်ဖွဲ့ဝင်များ၏ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦပြိုကျမှုဖြစ်စဉ်တွင် ပိတ်မိနေသော လူနာအား ကယ်ထုတ်သရုပ်ပြသခြင်း၊ ခေတ်မီ မီးသတ်စနစ်များဖြစ်သော မီးလှန့်အချက်ပေးကိရိယာ (Fire Alarm System)၊ မီးခိုးထောက်လှမ်းရေးကိရိယာ (Smoke Detector)၊ အလိုအလျှောက်ရေဖျန်းစနစ်(Automatic Sprinkler System)၊ မီးသတ်ရေပိုက်စနစ်(Hose Reel/ Hose Rack)၊ ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်မီးသတ်ဆေးဘူး (Dry Chemical Powder) တို့အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသခြင်း၊ စက်သုံးဆီမီးလောင်မှုအား ပိုလန်နိုင်ငံထုတ်မီးငြိမ်းသတ်ယာဉ် Mediumum Fire Fighting Truck ဖြင့်မီးငြိမ်းသတ်မှု သရုပ်ပြသခြင်းများအား ကြည့်ရှုအားပေးခဲ့ပါသည်။

Phogo by : Wai Zin

22-May-2019
2025 Ayeyarwady Division