ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် ဇနီးဒေါ်ခင်နှင်းညိုသည် ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ တတ်ရောက်

နှစ်စဉ် မြန်မာနှစ်ကူး (နှစ်ဆန်း) အခါသမယတွင် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲများ ကျင်းပလျက်ရှိရာ ယနေ့(၁၇.၄.၂၀၁၉) ရက်နေ့ နံနက် (၀၇:၀၀)အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခမ်းမရှေ့ (ငဝန်မြစ်)၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး သတ္တဝါများဘေးအန္တရာယ် ကင်းရှင်းပြီး အသက်ရှည်စွာ နေထိုင်ကြစေရန်၊ လူသားများတွင် သတ္တဝါများအပေါ် သနားတတ်သည့် ကရုဏာတရားများ ပိုမိုရှင်သန်လာပြီး နှလုံးသားတွင် စွဲမြဲကျန်ရစ်စေရန်၊ ``သဒိသံ ပါကံ ဇနေတိ´´မိမိပြုလုပ်သော ကံ၏တူညီသော အကျိုးကိုပေးနိုင်၏ ဟူသော ဗုဒ္ဓ၏ ဒေသနာတော်အတိုင်း သတ္တဝါများ အသက်ဘေးမှ ချမ်းသာရာရပြီး အသက်ရှည်စွာ နေနိုင်သလို ယနေ့လူ့လောကသားများမှာလည်း အသက်ရှည်အနာကင်းပြီး ကျန်းမာချမ်းသာစွာဖြင့် နေနိုင်ကြစေရန်၊ ရှေးဘိုးဘွား အစဉ်အဆက် ပြုလုပ်လာသည့် ကောင်းမြတ်သည့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို မပျောက်ပျက်ရလေအောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် ဇနီးဒေါ်ခင်နှင်းညို ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌနှင့့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတတ်ရောက်ခဲ့ကြပါသည်။ ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးများကိုငဝန်မြစ်အတွင်းသို့ လွှတ်ပေးခဲ့ပါသည်။

22-May-2019
2025 Ayeyarwady Division