ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ နေ့လည် (၁၃၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ဆွမ်းလောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပုသိမ်မြို့သူ မြို့သားများ စုပေါင်းစွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူပူဇော်ခဲ့ပြီး ညနေ (၁၆၀၀)နာရီအချိန်တွင် စတုဒိသာ အလှူတော် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။