ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျိုးတူလယ်ယာစနစ်နှင့် အရည်အသွေးပြည့်ဝသော စိုက်ပျိုးရေးသွင်းအားစုများအား အသုံးပြု၍ ဆန်စပါး ထုတ်လုပ်မှုတန်ဖိုး ကွင်းဆင်းမြှင့်တင်ခြင်း အခမ်းအနားသို့ တက်ရောက်

(၁၀.၁.၂၀၁၉)ရက်နေ့၊ နံနက် (၁၀၃၀)နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စွမ်းဟိုတယ်၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျိုးတူလယ်ယာစနစ်နှင့် အရည်အသွေးပြည့်ဝသော စိုက်ပျိုးရေးသွင်းအားစုများအား အသုံးပြု၍ ဆန်စပါး ထုတ်လုပ်မှုတန်ဖိုး ကွင်းဆင်းမြှင့်တင်ခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပြည်ထောင်စုလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မာစီကော့ (Mercy Crops) မှ (Country Diector) Mr. Leo Roozendoal ၊ အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာပူးပေါင်းအဖွဲ့ (LIFT)မှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်ထောင်စုလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌမှ စိုက်ပျိုးရေ၊ မွေးမြူရေးကဏ္ဍ၏ အရေးပါမှု၊ ဖွံ့ဖြိုးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မာစီကော့ (Mercy Crops) မှ (Country Diector) Mr. Leo Roozendoal ၊ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။

Photo By : Wai Zin

10-Jan-2019
2025 Ayeyarwady Division