ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်သည့် ဖွင့်ပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၉.၁၂.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိူးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်အတူ ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်သည့် ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

ယခုကဲ့သို့ ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာအုပ်စု၊ ပေါက်ဆိန်ပဲ့ကျေးရွာ၌ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် ပညာရေးကဏ္ဍဖြင့် စွမ်းစွမ်းတမံ ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌လည်း ပညာရေးကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမဦးရေများနှင့် အခြေခံအဆောက်အဦများ လိုအပ်မှုများရှိနေသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ/ဆရာမများကိုလည်း အရည်အသွေးမြင့်မားလာစေရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျောင်းများ၏ လိုအပ်ချက်များကိုလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အခြေခံပညာအထက်တန်းအဆင့်သို့ တိုးမြှင့်သင်ကြားရသည့်အတွက်ကြောင့် မိဘပြည်သူများနှင့် ဆရာ/ဆရာမများ နိုင်ငံတော်အတွက် တန်ဖိုးထားရသော လူငယ်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ပေါက်လာစေရေးအတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပြောကြားခဲ့ပါသည်။

03-Jan-2019
2025 Ayeyarwady Division