ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျင်းပပြုလုပ်သည့် (၄၄)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၅.၁၂.၂၀၁၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျင်းပပြုလုပ်သည့် (၄၄)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို ရခိုင်စည်တော်တီး ဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနက ဦးစီး၍ (၄၂)ကြိမ်မြောက်၊ (၄၃)ကြိမ်မြောက်၊ ယခု (၄၄)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် အားရဝမ်းသာစွာနှင့် ကျေးဇူးတင် ကြိုဆိုပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေချင်ရင် နိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အဆင့် အနေဖြင့်လည်း တိုင်းရင်းသားများ အရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍအနေနဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း တိုင်းရင်းသား အသီးသီးက တင်မြှောက်ထားသော တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများကို ခန့်ထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ မပျောက်ပျက်စေရေး ဦးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကာ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ ရခိုင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြခဲ့ပါသည်။

03-Jan-2019
2025 Ayeyarwady Division