ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် Green City Land အိမ်ရာစီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၈.၁၂.၂၀၁၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို တက်ကြွပျော်ရွှင် ကျန်းမာရေး လူထုစုပေါင်းလမ်းလျှောက်ပေး ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် စုရပ်ပြုလုပ်ကာ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်း - အောင်သုခလမ်း - မရမ်းချိုလမ်းနှင့် မဟာစေတီလမ်းအတိုင်း လျှောက်လှမ်းကာ မဟာစေတီလမ်း အနီးရှိ Green Land City အိမ်ရာဝန်းအတွင်း လူထုစုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၏ လူနေမှုအဆင့်အတန်းဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် Boffo Myanmar Co.,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် Green City Land အိမ်ရာစီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

03-Jan-2019
2025 Ayeyarwady Division