ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒေးဒရဲမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စုတွင် နန္ဒာအောင်မြေပရဟိတအသင်းမှ လှူဒါန်းငွေကျပ် (၆၄၄)သိန်းဖြင့် ဆောက်လုပ်ထားသည့် အဝပြန်ကျေးရွာရှိ သုခနန္ဒာတံတား၊ ချမ်းမြေ့သာယာလမ်းနှင့် ချမ်းမြေ့သာယာတံတား စစ်မြစ်တန်းကျေးရွာရှိ အေးမြသာယာတံတား၊ ထိုင်ကူမြစ်တန်းကျေးရွာရှိ အောင်သုခတံတားတို့အား ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာပါက ကျေးလက်ဒေသများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြို့နယ်/ခရိုင်/တိုင်းဒေသကြီးအထိ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နိုင်ငတော်အဆင့်အထိ ဖွံ့ဖြိုးမှုအသီးအပွင့်များ ခံစားကြရမည် ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်အတူ ဒေးဒရဲမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စုတွင် နန္ဒာအောင်မြေပရဟိတအသင်းမှ လှူဒါန်းငွေကျပ် (၆၄၄)သိန်းဖြင့် ဆောက်လုပ်ထားသည့် အဝပြန်ကျေးရွာရှိ သုခနန္ဒာတံတား၊ ချမ်းမြေ့သာယာလမ်းနှင့် ချမ်းမြေ့သာယာတံတား စစ်မြစ်တန်းကျေးရွာရှိ အေးမြသာယာတံတား၊ ထိုင်ကူမြစ်တန်းကျေးရွာရှိ အောင်သုခတံတားတို့အား ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထိုင်ကူမြစ်တန်းကျေးရွာရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစရပ်များ ဆွေးနွေးပြောကြားခဲ့ပါသည်။

03-Jan-2019
2025 Ayeyarwady Division