ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ထုံးထည့်စမ်းသပ်စိုက်ပျိုးထားသော စပါးအထွက်နှုန်းအား ကြည့်ရှုအားပေးခြင်းနှင့် တောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၇.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့နှင့်အတူ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြင်းကကုန်းကျေးရွာ၊ ကွင်းအမှတ် (၂၂၆ - ခ)၊ တောင်သူဦးမြင့်ကို၏ စိုက်ကွင်းအတွင်း ထုံးထည့်စမ်းသပ်စိုက်ပျိုးထားသော စပါးအထွက်နှုန်းအား ကြည့်ရှုအားပေးခြင်းနှင့် တောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။ တောင်သူများနှင့်တွေ့ဆုံရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက မြေဆီလွှာစမ်းသပ်ခြင်း၊ မြေဆီလွှာပြုပြင်ခြင်းနှင့် ဓာတ်မြေသြဇာ လွန်ကဲစွာ သုံးစွဲခြင်း အကြောင်းကို ဆွေးနွေးပါသည်။ ထို့နောက် ဝန်ကြီးချုပ်မှ တောင်သူများအား ဆွေးနွေးပြောကြားရာတွင် ယခုအစည်းအဝေး တက်ရောက်လာကြသူများတွင် အသက်အရွယ်အရ စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်နိုင်သည့် အရွယ်များ များစွာပါဝင်တက်ရောက်သည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်မိပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း စိတ်ပါဝင်စားစွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ သီးနှံအထွက်တိုးရေးတွင် မြေဆီလွှာစမ်းသပ်စစ်ဆေးခြင်းနှင့် မြေဆီလွှာပြုပြင်ရေးတို့မှာ အဓိက အချက်ဖြစ်ပါကြောင်း၊ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ပါက အကျိုးများစွာရှိပါကြောင်း၊ စပါးစိုက်ကွင်းများအတွင်း ထုံးထည့်၍ မြေဆီလွှာ ထိန်းသိမ်းပြုပြင်ပေးနိုင်ပါကြောင်း၊ စပါးအထွက်နှုန်းလည်း သိသာစွာတိုးတက်လာကြောင်း၊ ထုံးထည့်စိုက်ပျိုးသော စပါးနှင့် ထုံးထည့်မစိုက်ပျိုးသောစပါးသည် စပါးနှံ၊ အမြစ်ပွား စသည်တို့ကအစ သိသာစွာ ကွာခြင်းပါကြောင်း၊ ထုံးကို (၁) ဧကလျှင် (၁၀၀)ပိဿာနှင့်အထက် လိုသလို ထည့်သွင်းစိုက်ပျိုးနိုင်ပါကြောင်း၊ လိုအပ်သော စိုက်ပျိုးနည်းစနစ်များကို နည်းစပ်ရာ မြို့နယ်/ခရိုင် စိုက်ပျိုးရေးဦးစီးဌာနများတွင် မေးမြန်းစုံစမ်းနိုင်ပြီး အခက်အခဲများ ရှိပါက မိမိထံတင်ပြနိုင်ပါကြောင်း စသဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

19-Nov-2018
2025 Ayeyarwady Division