ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လေးမျက်နှာမြို့ - ခတ္တာ - ပန်းတောကြီးလမ်းရှိ ငဝန်မြစ်ကို ဖြတ်သန်း၍ ငဝန်တံတား (လေးမျက်နှာ)တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၁.၉.၂၀၁၈)ရက်နေ့၊ နံနက် (၁၁၀၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းများ အလွန်ပေါများပြီး ကွန်ယက်သဖွယ်ဖြစ်နေတဲ့ ဖြစ်ချောင်းတွေအတွက် လိုအပ်သော လမ်းတံတားများ တည်ဆောက်၍ တစ်ဒေသမှ တစ်ဒေသ ကုန်စည်များ ကူးသန်းရောင်းဝယ်နိုင်ရန်နှင့် တိုင်းအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်အဆင့်ရှိ ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် လေးမျက်နှာမြို့ - ခတ္တာ - ပန်းတောကြီးလမ်းရှိ ငဝန်မြစ်ကို ဖြတ်သန်း၍ ငဝန်တံတား (လေးမျက်နှာ)တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး တံတားကြီးပြီးစီးပါက ပြည်သူများအနေဖြင့် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိမ်းသိမ်းရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။  

12-Sep-2018
2025 Ayeyarwady Division