ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး ဒေသန္တရစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃၁.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး ဒေသန္တရစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ၊ လုပ်ငန်းစဉ်များ၊ ဌာနအလိုက် ရည်မှန်းချက်များအပေါ် အခြေခံပြီး ကဏ္ဍအလိုက် စီမံကိန်းများ ဒေသန္တရစီမံကိန်းများဖြင့် ဆက်စပ်ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲအကောင်အထည်ဖော်ရာတွင် ကဏ္ဍအလိုက်စီမံကိန်းများ၊ ဒေသန္တရစီမ့ကိန်းများနှင့် လုပ်ငန်းအစီအစဉ်များအကြား မဟာဗျူဟာကျကျ ချိတ်ဆက်မှုရှိစေရန် မြန်မာနိုင်ငံ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအစီအစဉ်များတွင် တိုင်းဒေသကြီးအဆင့်က ပါဝင်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းစဉ်များ ချိတ်ဆက်ကိုက်ညီမှုရှိစေရန်အတွက်လည်းကောင်း ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဒေသန္တရစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း Ayeyarwady Region Economic Development Plan (AREDP)စီမံကိန်းရေးဆွဲထားခြင်းသည် အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြည်ထောင်စုအဆင့် စီမံကိန်းလုပ်ငန်းစဉ်များ၊ ဒေသန္တရအဆင့် လုပ်ငန်းစဉ်များ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များနှင့်ပါ မဟာဗျူဟာကျကျ ချိတ်ဆက်ဆောင်ရွက်ရန် ရေးဆွဲဆောင်ရွက်မည့် လမ်းညွှန်စီမံကိန်းများအပေါ် တက်တက်ကြွကြွပါဝင်ဆွေးနွေးပေးကြပါရန်နှင့် ယခုဆွေးနွေးပွဲကို ပါဝင်ဆောင်ရွက်ပေးကြသော Asia Foundation နှင့် Renaissance RI မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပညာရှင်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ အင်အား (၆၆)ဦး တက်ရောက်ခဲ့ပါသည်။

 

07-Sep-2018
2025 Ayeyarwady Division