ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး တိုင်းလုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၉.၈.၂၀၁၈)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးတာဝန်ရှိ ဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး တိုင်းလုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ပုသိမ်မြို့နယ်နှင့်ကန်ကြီးထောင့်မြို့နယ်တို့တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး မြေစိုက်ပိုစတာအား ဖွင့်လှစ်ပေးခဲ့ပြီး ပုသိမ်မြို့၊ အမှတ် (၂)ရပ်ကွက်၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်နှင့် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုခဲ့ပါသည်။

 

21-Aug-2018
2025 Ayeyarwady Division