ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ နံနက် (၁၀၅၅)အချိန်တွင် ညောင်တုန်းမြို့နယ်၊ စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမ၌ ဒေသထွက်ကုန်သီးနှံများ စိုက်ပျိုးရေး ကုမ္ပဏီ၏ ပန်းတနော်မြို့နယ်တွင် ဆောင်ရွက်နေသော မူလတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ငှက်ပျောသီးနှံထုတ်ကုန်များ ပြည်ပတင်ပို့ခြင်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြခြင်းအပေါ် တိုင်းဒေသကြီးနှင့် နိုင်ငံ၏ စီးပွားရေး အထောက်အကူပြုရန်အတွက် သိပ္ပံနည်းကျစိုက်ပျိုးသည့် စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက်နေကြောင်း၊ ပြည်ပတင်ပို့မှုအောင်မြင်သဖြင့် လုပ်ငန်းတိုးချဲ့ရန် စီမံဆောင်ရွက်မှုကို မူလစိုက်ပျိုးမှု များပြားသော ဒေသများကို ရွေးချယ်ပြီး အဆင့်မြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်တိုင်းပြည်တိုးတက်စေလိုသော စေတနာပေါင်းစပ်၍ အပြန်အလှန် အကျိုးဖြစ်ထွန်းနိုင်စေရေး ကြိုးစားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

15-Aug-2018
2025 Ayeyarwady Division