ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်ရေနံမြေဧည့်ရိပ်သာသို့ သွားရောက်၍ ရေနံမြေဝန်ထမ်းများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်အောင်ရေနံမြေဧည့်ရိပ်သာသို့ သွားရောက်၍ ရေနံမြေဝန်ထမ်းများနှင့်တွေ့ဆုံပြီး မြန်အောင်ရေနံမြေ အထွေထွေမန်နေဂျာ ဦးလှမျိုးထွန်းမှ မြန်အာင်ရေနံမြေ၏ လက်ရှိလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ၂၀၁၈ ခုနှစ်၊ (ဧပြီလမှ စက်တင်ဘာလအထိ) Mini Budget နှင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ တိုးမြှင့်ထွက်ရှိအောင် ဆောင်ရွက်မည့် အစီအစဉ်များ၊ CSR လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ကဏ္ဍအလိုက် အကျိုးထိရောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ ရေနံမြေဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အတွက် ကြိုးပမ်းလုပ်ကိုင်သွားကြရန် မှာကြားခဲ့ပြီး မြန်အောင်ရေနံမြေ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ချီးမြှင့်ဂုဏ်ပြုသည့် အနေဖြင့် ငွေကျပ် (၅)သိန်းအားပေးအပ်ခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ရေနံမြေ ရှင်းလင်းဆောင်သို့ သွားရောက်၍ တွင်းအမှတ် (၁၇၂)မှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထွက်ရှိမှုအခြေအနေအား ကြည့်ရှုခဲ့ပါသည်။

03-Jul-2018
2025 Ayeyarwady Division