ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့၊ ဖောင်ဆိပ်ကျေးရွာကမ်းပါးပြိုကျမှုအားကြည့်ရှုစစ်ဆေး

ပုသိမ် ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတမြို့၊အိပ်ပျက်ကျေး ရွာအုပ်စုရှိကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ အမျိုးသားသဘာဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ အောက်ဘက်ရှိ ၂၀၂၅_၂၀၂၆ ဘဏ္ဍာနှစ်တွင်ယာယီကမ်းထိန်း ဆောင်ရွက်ထားသော RD-5000 မှ RD-5500 ကြားရှိ ပေ(၂၀ဝ)ခန့်သည် ယခုလ ၁၁ရက်နေ့မွန်းလွဲပိုင်း မြစ်ရေကျဆင်းချိန်တွင် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ အဆိုပါ ဖြစ်ပွားခဲ့ရာနေရာသို့ ယမန်နေ့ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာ ၂၀၂၅_၂၀၂၆ ဘဏ္ဍာနှစ်တွင်ယာယီကမ်းထိန်း ဆောင်ရွက်ထားသော RD-5000 မှ RD-5500 ကြားရှိ ပေ(၂၀ဝ)ခန့် ပြိုကျမှုအား ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများ မြစ်ရေတိုက်စားမှုမှ ကာကွယ်ရေးလုပ်ငန်း ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ အထက်ဘက်ရှိ အလျား ၁၆၀၀ပေနှင့် အောက်ဘက်ရှိ အလျား ၅၀၀ ပေ စုစုပေါင်း၂၁၀၀ ပေနှင့် သောင်တူးဖော်ခြင်းလုပ်ငန်း အလျား ၂၆၃၀မီတာအနက်၄မီတာဆောင်ရွက်မည့် အခြေအနေများ၊ ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ အောက်ဘက်ရှိ ၂၀၂၅ _၂၀၂၆ ဘဏ္ဍာနှစ်တွင်ယာယီကမ်းထိန်း ဆောင်ရွက်ထားသော RD-5000 မှ RD-5500 ကြားရှိ ပေ(၂၀ဝ)ခန့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့နေရာအား အရေးပေါ်ဝါးဖောင်များချထားခြင်း၊ သံမဏိဆိုင်းကြိုးရေကာ(၁၅၀)ပေ(၄)ခုချထားခြင်းကိုဆောင်ရွက်လျက်ရှိုမှုများနှင့် မြစ်ရေပြန်လည်ကျဆင်းချိန်တွင် ကမ်းထိန်းတမံပျက်စီးမှုများကို ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေပြန်လည်ကျဆင်းချိန်တွင် ကမ်းထိန်းတမံပျက်စီးမှုများကို အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့သည်။ ဆက်လက် ၍ ၂၀၂၄ - ၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သောအလျား ၂၆၃၀မီတာသောင်တူးလိုင်းရေစီးဆင်းနေမှူအခြေအနေနှင့်သောင်တူးလိုင်းရေစီးဆင်းမှုအားကောင်းစေရန်သောင်တူးဖော်နေမှုအခြေအနေများကို ရေယာဥ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူများမှလုပ်ငန်းေဆာင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြမှုအ ပေါ် မြစ်ဖြတ်မြောင်းရေစီးအားကောင်းမွန်စေရေးနှင့် လိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

12-Aug-2025
2025 Ayeyarwady Division