ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်းအသင်း၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေး

ပုသိမ် ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ တွင်ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်းအသင်း၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်းအသင်းမှ ၆၃ မောင်း၊ လက်ရေးစွမ်းရည် ပြသခြင်း၊ သင်တန်းခွဲမှုဆရာအဆင့် လှံရှည်ပညာစဉ်ပြသခြင်း၊ လက်သိုင်းအတိုက်ပြိုင်ပွဲဝင်များ လေ့ကျင့်မှုပြသခြင်း၊ တွဲဖက်နည်းပြဆရာအဆင့် လက်သိုင်းပညာစဉ်ပြသခြင်း၊ ၁+၁ အဖွဲ့လိုက် လက်နက်မဲ့နှင့်ဓားမြောင် စွမ်းရည်ပြသခြင်း၊ ၁+၂ အဖွဲ့လိုက် လက်နက်မဲ့ဓားမြောင်၊ ဓားရှည် စွမ်းရည် ပြသခြင်း၊ ၁+၃ အဖွဲ့လိုက် ဓားရှည်လေးလက် ဝိုင်းတွက် စွမ်းရည် ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် လေ့ကျင့်သားပြည့်ဝပြီး ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင် ကြရန်နှင့် ရရှိသည့်အချိန်တွင် စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ကြိုးစားလေ့ကျင့်ရန်လိုပါကြောင်း၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ရန်နှင့် မျှော်မှန်းထားသည့်ဆုတံဆိပ်များ ရရှိအောင်ကြိုးစား ယှဉ်ပြိုင်ကြရမည် ဖြစ်ပါကြောင်း ” တိုက်တွန်းမှာကြားခဲ့ပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ရေဓာတ်အားဖြည့်အချိုရည်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

11-Aug-2025
2025 Ayeyarwady Division