ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မိုက်ခရိုမာရသွန်ပြိုင်ပွဲကျင်းပ

ပုသိမ် ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှဦးစီးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် မိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မိုက်ခရိုမာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြိုင်ပွဲဝင် အားကစားသမားများက ကိုးသိန်းအားကစားကွင်းမှ စတင်ကာ ပုသိမ်-ရန်ကုန်လမ်းမကြီး ပုသိမ်မြို့အဝင်ထိလည်းကောင်း၊ ပုသိမ်မြို့အဝင်မှတဆင့် ကိုးသိန်းအားကစားကွင်းသို့ ပြန်လည် ပန်းဝင်ရောက်ခဲ့ကြသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများနှင့် တာဝန်ရှိသူများကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ကျောင်းသားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝန်ကြီးများကလည်းကောင်း၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဥပဒေချုပ်ကလည်းကောင်း၊ အမျိုးသားမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် ဇွဲဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုချီးမြှင့်ငွေများဆက်လက်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲကို အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

11-Aug-2025
2025 Ayeyarwady Division