ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ပုသိမ် ဩဂုတ် ၈

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများတက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီ တိုင်းဒေသကြီးမြန်မာ့သိုင်းအသင်းမှ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကာ အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အစီအစဉ်များအား ရှင်းလင်း တင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်းအသင်း အား မြို့နယ်ပေါင်းစုံမှ ပြိုင်ပွဲများပြုလုပ်၍ လူရွေးချယ်ပြီး ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့် အချိန်ယူစခန်းသွင်းလေ့ကျင့်ထားသည့် အသင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် လေ့ကျင့်သားပြည့်ရန်နှင့် ပြိုင်ပွဲဝင်အတွေ့အကြုံများရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအနေဖြင့် အားကစားနည်းများအလိုက် မျှော်မှန်းထားသည့် ရလာဒ်များ ရရှိအောင် ကြိုးစားယှဉ်ပြိုင်လျက်ရှိပါကြောင်း၊ ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် ရရှိသည့်အချိန်တွင် စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ကြိုးစားလေ့ကျင့် ရန်လိုပါကြောင်း၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ရန်နှင့် မျှော်မှန်းထားသည့်ဆုတံဆိပ်များ ရရှိအောင်ကြိုးစားယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိပါစေကြောင်း”အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးမြန်မာ့သိုင်းအသင်းအား အောင်နိုင်ရေးအလံနှင့်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

08-Aug-2025
2025 Ayeyarwady Division