ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ပုသိမ် ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြို့နယ်၊ ခရိုင်အလိုက်ထုတ်လုပ်ထားသည့် မျိုးစေ့ချကိရိယာ (Drum Seeder)များအား တိုင်းဒေသကြီး၏ လိုအပ်ချက်အရ သတ်မှတ်ထားသည့်အလက်ရေပြည့်မီအောင် အရည်အသွေးမြှင့်တင်ထုတ်လုပ်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးစိုက်ဧက(၃၇)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ကြဲခင်းစနစ်များလျော့နည်းပပျောက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ၊ လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊ ကောက်စိုက်သမများဖြင့် စိုက်ပျိုးခြင်းစနစ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ရည်မှန်းချက်ပေးထားသကဲ့သို့ တောင်သူအားလုံး မျိုးစေ့ချကိရိယာ (Drum Seeder)များပိုင်ဆိုင်နိုင်ရေး နည်းလမ်းများရှာဖွေကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ (Drum Seeder)များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် အစည်းအဝေးသို့တက်ရောက်လာသူများကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။

ဆက်လက်၍ အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ (Drum Seeder)များ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရေးနှင့်ပတ်သက်၍ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်မည့်လက်ရေနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီဖွဲ့စည်းထားရှိမှု၊ တိုင်းဒေသကြီးအတွင်း မျိုးစေ့ချကိရိယာ (Drum Seeder) လိုအပ်မှု၊ တစ်လလျှင်ထုတ်လုပ်မည့် မျိုးစေ့ချကိရိယာ(Drum Seeder) လက်ရေနှင့် ထုတ်လုပ်မည့်လုပ်ငန်းရှင်များကိုလည်းကောင်း ရှင်းလင်းတင်ပြမှုများနှင့် အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များထုတ်လုပ်မည့် စက်ရုံများမှ တာဝန်ရှိသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ (Drum Seeder)များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ခရိုင်၊ မြို့နယ်များမှ ထုတ်လုပ်ထားသည့် မျိုးစေ့ချကိရိယာ (Drum Seeder)များကိုကြည့်ရှု အားပေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့်သတ်မှတ်အရေအတွက်များအတိုင်းထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။

06-Aug-2025
2025 Ayeyarwady Division