ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေ ဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲအားကြည့်ရှုအားပေး၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဩဂုတ် ၆

၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲကို ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ တောင်သူဦးကြည်ဝင်း၏ စိုက်ဧက (၁၃)ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ တောင်သူဦးကြည်ဝင်း၏ စိုက်ဧက(၁၃)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် တိုင်းဒေသကြီးအတွင်းအစိုက်အများဆုံး အထွက်နှုန်းနှင့်အရည်အသွေးကောင်းစပါးမျိုး(၁၈)မျိုးအား ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး စုပေါင်းဓာတ်မြေဩဇာကြဲပက်ခြင်းနှင့် ပေါင်းလိုက်တမန်းနှိုးဆောင်ရွက်ခဲ့ကြသည့် တောင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်ပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို အောင်ဆန်းခန်းမတွင်ဆက်လက်ပြုလုပ်ရာ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို ယခုနှစ်အတွက် ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင်စတင်ကျင်းပ နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ (၁၃)နေရာတွင် ကျင်းပရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့်ဝိဇ္ဇာတွဲတွင်(၄)ယောက်၊ဝိပ္ပံတွဲတွင်(၂)ယောက်ပေါ်ထွက်ခဲ့ပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက် (၃၂၄)တိုက်ရှိခဲ့ရာမှ စာကြည့်တိုက်အသစ်(၁၁)တိုက်နှင့် ပြုပြင်ပေးသည့် စာကြည့်တိုက် ၅တိုက်ဖြစ်သဖြင့် ရှင်သန်ခိုင်မာသည့်စာကြည့်တိုက် ၃၄၀ တိုက်ရှိပြီဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်တွင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားထားမြှင့်တင်ရေးဆိုသည့်အချက် ပါဝင်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များအဖြစ် ရှင်သန်တိုးတက်လာဖို့အတွက် အသိပညာဗဟုသုတတွေကို စာအုပ်စာပေကောင်းများမှတစ်ဆင့် လေ့လာဖတ်ရှုမှတ်သားကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ ပညာဗဟုသုတ ပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်များပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ စာအုပ်စာပေများသည်လည်း စုံလင်စွာထားရှိပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိစာကြည့်တိုက်များ လည်ပတ်နိုင်ရေးအတွက် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင်လည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း” တိုက်တွန်းအမှာစကားများပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးတို့က တက္ကသိုလ်ဝင်စာမေးပွဲနိုင်ငံတော်အဆင့် ဝိဇ္ဇာဘာသာတွဲတွင်တတိယ၊ စတုတ္ထနှင့် သိပ္ပံဘာသာတွဲ(၆)ဘာသာဂုဏ်ထူးရှင်(၂)ဦးတို့အား ဂုဏ်ပြုဆုများချီးမြှင့် ခဲ့ကြပြီး ကျောင်းသား၊ သူလေးများ၏တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကိုကြည့်ရှုအားပေး ခဲ့ကြကာ ကပြဖျော်ဖြေခဲ့သော အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံများပြခန်း၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျုံပျော်မြို့နယ်၏ ကျောင်းအပ်နှံရေးနေ့သီတင်းပတ်လှုပ်ရှားမှုများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်/ အရုပ်ဆက်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ(အလယ်တန်းအဆင့်)၊ ကျောင်းစာကြည့်တိုက်နှင့်အားကစားပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျုံေပျာ်ခရိုင်ဘင်ခရာအဖွဲ့၏ သရုပ်ပြ ဖျော်ဖြေ‌ေနမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးမှအိမ်ရှင်အဖြစ် လက်ခံ၍ ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမကျင်းပလျက်ရှိသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားလျက်ရှိရာ အမျိုးသားလေးယောက်တွဲ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ကစားသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသားလေးယောက်တွဲ တတိယနေရာလုပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ် အသင်းအား ၂ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးမှအိမ်ရှင်အဖြစ် လက်ခံကျင်းပနေခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းတို့က ပါဝင် ယှဉ်ပြိုင်နေကြကာ ၇.၈.၂၀၂၅ ရက်နေ့တွင် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား/အမျိုးသမီး လေးယောက်တွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။

06-Aug-2025
2025 Ayeyarwady Division