ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း ပုသိမ်မြို့၊ ဘုံကျော်မဟာစည် သာသနာ့ရိပ်သာကြီး၏ ဦးစီးပဓာနနာယက၊ (မူလဓမ္မာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)  ဘဒ္ဒန္တ ဝိစာရ သက်တော်ရှည်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားသို့တက်ရောက်

ပုသိမ်       ဩဂုတ်          ၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဘုံကျော်မဟာစည် သာသနာ့ရိပ်သာကြီး၏ ဦးစီးပဓာနနာယက၊ (မူလဓမ္မာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)  ဘဒ္ဒန္တ ဝိစာရ၊ သက်တော် (၉၁) နှစ်၊ သိက္ခာတော်(၇၁)ဝါရ၊ သက်တော်ရှည်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားသို့တက်ရောက်ခဲ့သည်။ ဦးစွာ “သဗ္ဗေသင်္ခါရာ အနိစ္စာ” တိ အစရှိသော သံဝေဂ (၃) ဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို စတင်ခဲ့ပြီးနောက် ဘုံကျော်ဆရာတော်ဘုရားကြီး၏ “ထေရုပ္ပတ္တိအကျဉ်း” ကို သဒ္ဓမ္မသီတဂူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုနန္ဒကလည်းကောင်း၊ ဘုံကျော်ဆရာတော်ဘုရား ကြီးအား ရည်မှန်းပူဇော်ရေးစပ်ဖွဲ့သီသော ရှစ်လုံးဘွဲ့ကဗျာအား ဝတ်ရွတ်အဖွဲ့ကလည်းကောင်း၊  သုဝဏ္ဏဘူမိသာသနရိပ်သာ၊ မဟာစည်နယ်လှည့်ဓမ္မကထိက ဘဒ္ဒန္တကုဏ္ဍလမှ“ဂုဏထောမနာ” ဂါထာတော်မြတ်ဖြင့်လည်းကောင်း၊ မဟာစည်နယ်လှည့်ဓမ္မကထိက မေတ္တာစည် ဆရာတော် အရှင်သုမင်္ဂလမှဦးဆောင်၍ တပည့်ဒါယကာ၊ ဒါယိကာမ အပေါင်းတို့မှ အစ္စယဒေသနာတော် မြတ်ဖြင့်လည်းကောင်း၊ မြဝတီဆရာတော် အရှင်နန္ဒဝံသမှ “ပစ္ဆိမဝန္ဒနာ" ဂါထာတော်မြတ် ဖြင့်လည်းကောင်း ဖတ်ကြားရွတ်ဖတ်ပူဇော် ကန်တော့ခဲ့ကြသည်။ ယင်းနောက်  လေးမျက်နှာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယမှ “ကြွတော်မူပါ မြတ်ဆရာ”ဂါထာတော်ဖြင့်ပူဇော်၍ ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား တပည့်သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ သာနသနာ့ကော်မတီဝင်များ၊ ဆွေတော်မျိုးတော်များ၊ ဘုံကျော်ဟိတေသီအဖွဲ့၊ တပည့်ဒါယကာ၊ ဒါယိကာမများက ပုခုံးထမ်းလက်ဆင့်ကမ်း၍ စံကျောင်းတော်မှ ကရဝိတ်ယာဉ်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရှိရပါသည်။

04-Aug-2025
2025 Ayeyarwady Division