ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မိုးစပါးပန်းတိုက်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာကြဲပက်ပွဲအား တက်ရောက်ကြည့်ရှုအားပေး

ပုသိမ်        ဇူလိုင်        ၃၁

၂၀၂၅ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာကြဲပက်ပွဲကို ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ တောင်သူဦးမြင့်နိုင်၏ စိုက်ဧက(၁၄)ဧကတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ တောင်သူဦးမြင့်နိုင်၏ စိုက်ဧက(၁၄)ဧကတွင် ဆင်းသုခစပါးမျိုးအား ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် ဓာတ်မြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊  သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဓာတ်မြေဩဇာကြဲပက်ပွဲခြင်းနှင့်  ပေါင်းလိုက်တမန်းနှိုးရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည် တောင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဓမ္ဘီကျေးရွာ တောင်သူဦးကျော်ကျော်ဆွေ၏ စိုက်ဧက(၂)ဧကတွင်  အောင်နိုင်တိုးစပါးမျိုးအား ဓာတ်မြေဩဇာကြဲပက်နေမှုများနှင့် ပေါင်းလိုက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် ယခုနှစ်သည် မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရမည်ဖြစ်ပါကြောင်းနှင့် မိုးစပါးသာမက သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်လည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများကိုလည်း အချိန်ကိုက် အချိုးကျသုံးစွဲရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ လာမည့်နွေစပါးစိုက်ရာသီတွင်လည်း သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများတိုးတက်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ အစရှိသည့် ဆီထွက်သီးနှံများအပြင် ပဲကြီး၊ ပဲပုပ် ဧက(၁)သိန်းကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့် စိုက်ပျိုးသီးနံများပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

31-Jul-2025
2025 Ayeyarwady Division