ပုသိမ် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အားကစားနှင့်ကာယပညာ(သိပ္ပံ) (၁၂၀'×၉၀') မိုးလုံလေလုံအားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအားကစားရုံသစ်ရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ အားကစားနှင့်ကာယပညာ(သိပ္ပံ)မိုးလုံလေလုံ အားကစားရုံသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ကုမ္ပဏီတာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧည့်သည် တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ပန်းပွားအကအဖွဲ့နှင့် ဘင်ခရာအဖွဲ့ များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာ(သိပ္ပံ)မိုးလုံလေလုံအားကစားရုံသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) သင်တန်းသား အိပ်ဆောင် အလျား(၁၃၆)ပေ၊ အနံ(၄၄)ပေရှိ (၁၀)ခန်းတွဲ RCသုံးထပ် ပန္နက်တင်မင်္ဂလာ အခမ်း အနားသို့ ဆက်လက်တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန်တို့နှင့်အတူ မင်္ဂလာအချိန်တွင် ပန္နက်တော်များအား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တင်ပေးခဲ့ပြီး အမွှေးနံ့သာရည်များပက်ဖျန်းကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား သင်တန်းသားအိပ်ဆောင် တာဝန်ယူ ဆောက်လုပ်မည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဉီးက အဆောက်အဦဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးတို့ကို အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။