ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အမှိုက်ခွဲခြားခြင်းနှင့် ပြုပြင်ထုတ်လုပ်သည့် အလုပ်ရုံအားသွားရောက်ကြည့်ရှုစစ်ဆေး

ပုသိမ်        ဇူလိုင်         ၃၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ မဟာဗန္ဓုလပန်းခြံအတွင်းရှိ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်ခွဲခြား ခြင်းနှင့် ပြုပြင်ထုတ်လုပ်သည့် အလုပ်ရုံအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  အမှိုက်ခြောက်၊ အမှိုက်စို၊ ဘေးန္တရာယ်ရှိ အမှိုက်၊ ပလတ်စတစ်အမှိုက်၊ အမှိုက် (၄) မျိုးအဖြစ် ခွဲခြားစွန့်ပစ်ခြင်း၊ ခွဲခြားသိမ်းဆည်းခြင်း တို့အား Pilot Area သတ်မှတ်၍ (၂၉.၆.၂၀၂၅)ရက်နေ့မှ စတင်ပြီး အမှိုက်ခွဲခြားစွန့်ပစ်ခြင်းအား ဆောင်ရွက်မှု၊ ရရှိလာသောအမှိုက်စိုများအား သြဂဲလ်နစ်မြေသြဇာအဖြစ် ပြုပြင်ထုတ်လုပ်နိုင်မှု၊ ပလတ်စတစ်အိတ်အပျော့များအား ပလတ်စတစ်ခုတ်စက်ဖြင့်ခုတ်၍ ကွန်ကရစ်လမ်းခင်းတုံးများ ထုတ်လုပ်ရာတွင် ရောစပ်အသုံးပြုထုတ်လုပ်ဆောင်ရွက်မှု၊ ပလတ်စတစ်ဘူးခွံများအား ပလတ်စတစ်ခုတ်စက်ဖြင့် ခုတ်၍ရရှိလာသည့်ကုန်ကြမ်းများအား ရန်ကုန်သို့တင်ပို့ရောင်းချမှု၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ တစ်ရက်စွန့်ပစ်အမှိုက်ထွက်ရှိမှုနှင့် ပလတ်စတစ်အမှိုက်ထွက်ရှိမှု၊ ဧရာဝတီ တိုင်းဒေသကြီးတွင် (၁) လ အတွင်း ပလတ်စတစ်အမှိုက် ထွက်ရှိမှုနှင့် (၁) လအတွင်း ပလတ်စတစ်အမှိုက်လျှော့ချနိုင်မှု၊ ပလက်စတစ်သုံးစွဲမှု လျော့ချရေး ဆောင်ရွက်မှုအနေဖြင့် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့တို့အား ပလက်စတစ်မသုံးစွဲရ နေ့အဖြစ်သတ်မှတ် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် အကျိုးရှိစွာပြန်လည် အသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ အမှိုက်လေးမျိုးခွဲခြားစွန့်ပစ်မှုအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် လိုက်ပါဆောင်ရွက်စေရေးဆောင်ရွက်ရန်နှင့် အရည်အသွေးကောင်းမွန်သည့် ကွန်ကရစ်လမ်းခင်းတုံးများ စနစ်တကျထုတ်လုပ်ဆောင်ရွက်ရေးကိုမှာကြားခဲ့သည်။ ဧရာဝတီတိုင်းအတွင်းစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းအား အရင်းအမြစ်တွင်ပင်ခွဲခြားစွန့်ပစ်စေ၍ အမှိုက်ခွဲခြား သိမ်းဆည်းစွန့်ပစ်သည့် စနစ်ဖြင့်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

30-Jul-2025
2025 Ayeyarwady Division