ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ပုသိမ်        ဇူလိုင်         ၃၀

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းတွင် ယခင်နှစ်များက မိုးများ၍ ရေကြီးနစ်မြုပ်မှုများကြောင့် လမ်းတံတားများပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၎င်းလမ်းတံတား များနှင့်ပတ်သက်၍ ဘဏ္ဍာရန်ပုံငွေရရှိအောင်ဆောင်ရွက်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ လမ်း၊ တံတား ပြင်ဆင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ လမ်းပိုင်းများ၊ တံတားများအလိုက်ရန်ပုံငွေတင်ပြတောင်းခံထားရှိမှု၊ ရန်ပုံငွေရရှိမှု၊ ပြုပြင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရှင်းလင်းတင်ပြကြရန်၊ လမ်းများပြင်ဆင်ဆောင်ရွက်ရာတွင် လမ်းပုခုံးများ စနစ်တကျဖြစ်စေရေးနှင့် ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး ဆောင်ရွက်ရန်၊ လမ်းမကြီး များတွင် ရေဝပ်ခြင်းများ၊ ပျက်စီးမှုများဖြစ်ပေါ်ပါက အချိန်မီပြင်ဆင်နိုင်ရေးဆောင်ရွက်ကြရန်၊ လမ်းများပြုပြင်ဆောင်ရွက်နိုင်သည်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များပိုမိုကင်းရှင်း လာမည် ဖြစ်ပါကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့်အညီ သွားလာဆောင်ရွက်စေရေး ကြပ်မတ် ဆောင်ရွက်ရန်၊ လမ်းနယ်အတွင်း ကျူးကျော်ဝင်ရောက်ဆောက်လုပ်မှုများမရှိစေရေး စစ်ဆေး ဆောင်ရွက်ရန်” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် လမ်း၊ တံတား ဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေစာရင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တံတားဦးစီးဌာနမှ တံတား အထူးအဖွဲ့အလိုက် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရန်ပုံငွေစာရင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာနမှ အထူးအဖွဲ့၊ ခရိုင်အလိုက် ပြည်ထောင်စု၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် လမ်းအလိုက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တံတားလုပ်ငန်းများနှင့် တံတားဆိုင်ရာအချက်အလက်များ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် မည့် တံတားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ လမ်း၊ တံတားလုပ်ငန်းများ၏ စီမံချက်/ပြီးစီးမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးမှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

30-Jul-2025
2025 Ayeyarwady Division