ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစား သမားများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားတက်ရောက်

ပုသိမ်  ဇူလိုင်  ၂၉ 

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃) နှစ် ယအောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစားသမားများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် ၎င်းတို့၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းများက အသင်းလိုက် မိတ်ဆက်ခဲ့ကြပြီးနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ ယခုနှစ်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်  အမျိုးသား၊ အမျိုးသမီး အားကစားပြိုင်ပွဲများကို နေရာခွဲ၍ကျင်းပ လျက်ရှိရာ မိမိတို့တိုင်းဒေသကြီးအနေဖြင့် အသက်၁၈နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များနှင့် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် လာရောက်ယှဉ်ပြိုင် ကြသော အားကစားသမားများအတွက် အားကစားကွင်းများ၊ အိပ်ဆောင်များ၊ ရေချိုးခန်းများ၊ စားဖိုဆောင်များ သန့်ရှင်းသပ်ရပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ  အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးထားပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအတွက် သန့်ရှင်းလတ်ဆတ်သော အစားအသောက်များအပြင် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ကိုလည်း စီမံဆောင်ရွက်ပေးထားပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စွာဖြင့်ယှဉ်ပြိုင်ကာ အောင်ပွဲများ ရရှိအောင်ကြိုးစား ကြစေလိုကြောင်း၊ ကျန်းမာရေး၊နေထိုင်စားသောက်ရေးအပြင် အခြားလိုအပ်ချက်များရှိပါက အသင်းအုပ်ချုပ်သူ၊ နည်းပြများမှတစ်ဆင့်တင်ပြသွားကြရန်နှင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိပါစေကြောင်း” ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒိုင်အဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပိုက်ကျော်ခြင်းအသင်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီးနောက် အားကစားသမားများအား ရင်းရင်းနှီးနှီးအားပေးနှုတ်ဆက်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ယခုလ ၃၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

29-Jul-2025
2025 Ayeyarwady Division