ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ်      ဇူလိုင်         ၂၅

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းအုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများတက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးပိုက်ကျော်ခြင်းအသင်းမှ  အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီးနောက် အသင်းအုပ်ချုပ်သူများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအားရှင်းလင်း တင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အိမ်ရှင် အဖြစ်လက်ခံ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားသည် တိုင်းဒေသကြီးအနေဖြင့် အောင်မြင်မှုများရရှိခဲ့သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား မြို့နယ်ပေါင်းစုံ ပြိုင်ပွဲများကျင်းပပြုလုပ်၍ လူရွေးချယ်ပြီး ကြိုတင် ပြင်ဆင်မှုကောင်းကောင်းဖြင့် အချိန်ယူစခန်းသွင်းလေ့ကျင့်ထားသည့် အသင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် အားသွန်ခွန်စိုက် ကြိုးစား ယှဉ်ပြိုင်ကြရန် နှင့် မျှော်မှန်းထားသည့် ဆုတံဆိပ်များရရှိအောင်ကြိုးစားယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိပါစေ ကြောင်း”အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံနှင့်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

25-Jul-2025
2025 Ayeyarwady Division