ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြုပြင်ရန်အတွက် သံဃာဥသျှောင် တိုင်းဒေသကြီး သံဃနာယက ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၉.၆.၂၀၁၈) ရက်နေ့တွင် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း (ဗဟို)ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေဦးဆောင်သောအဖွဲ့နှင့်အတူ ပုသိမ်မြို့၊ ဝိသာခါ (ဒေါ်လှယဉ်)ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ပုသိမ်မြို့၊ လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြုပြင်ရန်အတွက် သံဃာဥသျှောင် တိုင်းဒေသကြီး သံဃနာယက ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယက၊ နိုင်ငံတော် သြဝါဒစရိယ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးများထံမှ သြဝါဒခံယူကာ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

29-Jun-2018
2025 Ayeyarwady Division