ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ်        ဇူလိုင်              ၂၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ အားကစား ခန်းမတွင်ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် အသင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ သိပ္ပံကျောင်းအသီးသီးတွင် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိပါ ကြောင်း၊  အားကစားနည်းများအလိုက် ဘာသာရပ်ပေါင်းစုံပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် တက္ကသိုလ် များ၏ အားကစားအဆင့်အတန်းသည်လည်း ပိုမိုတိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲများမှတဆင့် တက္ကသိုလ်ဂုဏ်ဆောင်၊ တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများလည်း များစွာပေါ်ထွက်လာပြီဖြစ်ပါကြောင်း၊ တက္ကသိုလ် လက်ရွေးစင်အားကစားသမားများမှတဆင့် နိုင်ငံတကာတက္ကသိုလ်ပြိုင်ပွဲများအထိ သွားရောက် ယှဉ်ပြိုင်နေကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုရက်ပိုင်းအတွင်း ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကိုလည်း မြောင်းမြမြို့တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့်  အားကစားသမားများအနေဖြင့်  ယခုပြိုင်ပွဲ ကတဆင့် တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း” တိုက်တွန်းပြောကြားကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပုသိမ် တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကိုဖွင့်လှစ်ပေးပြီး   တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအား ချီးမြှင့်ငွေများနှင့် ဖူဆယ်ဘောလုံးများ ပေးအပ်ခဲ့ရာ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် မြန်မာစာအသင်းနှင့် ဓာတုဗေဒအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးခဲ့သည်။  ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံး ပြိုင်ပွဲအား  ပုသိမ်တက္ကသိုလ်တွင်ရှိသည့် ဘာသာရပ်အသီးသီးမှ အမျိုးသားအားကစားအသင်း (၁၄)သင်းနှင့် အမျိုးသမီးအားကစားအသင်း (၃) သင်းတို့သည် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ယခုလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

23-Jul-2025
2025 Ayeyarwady Division