ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ကန်သုံးဆင့်တွင်ပြုလုပ်သည့် သဘာဝရေပြင်ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတက်ရောက်

ပုသိမ်      ဇူလိုင်        ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်တွင်  သဘာဝရေပြင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ပြီး ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။ 

ဦးစွာ အခမ်းအနားမှူးက ငါးမျိုးစိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသည့်ဧည့်သည်တော်များက ကန်သုံးဆင့်သဘာဝရေပြင်အတွင်း ငါးခုံးမကြီးကောင်ရေနှစ်သိန်းနှင့် ငါးမြစ်ချင်းကောင်ရေနှစ်သိန်း တို့အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်း နိုင်ရေး၊ ဒေသခံပြည်သူများ ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်၊ သား / ငါး ပေါများစေရန် ၊ ငါးမျိုးစိုက်ထည့်သော ငါးသား ပေါက်များ ရှင်သန်နှုန်းပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ မြစ်ကြီးများ၊ သဘာဝမြစ်၊ ချောင်း၊ အင်းအိုင် ၎င်းတို့နှင့်ထိစပ်လျက်ရှိသည့် မြစ်ဖျား၊ ချောင်းဖျား၊ ချောင်းလက်တက်များနှင့် ဆည်၊ ရေလှောင် တမံ၊ ကန်များအတွင်းသို့ (၂)လက်မအရွယ် ငါးသားပေါက် ကောင်ရေ (၇၅.၈)သိန်းအား ငါးမျိုး စိုက်ထည့်သွားမည်ဖြစ်ပြီး ၅၇.၄၆သိန်း မျိုးစိုက်ထည့်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သုံးဆင့်ကန် ကန်သုံးဆင့်ပန်းခြံ သာယာလှပရေးဆောင်ရွက်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့် မြေနေရာများတွင် ပန်းခြံဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ခြုံနွယ်များမရှိစေရေးအတွက် ရှင်းလင်း ဆောင်ရွက်ရေး၊ မြက်ခင်းများစိုက်ပျိုးရန်နှင့် ရာသီအလိုက်ဖူးပွင့်ဝေစာသည့် သစ်ပင်ပန်းမာန်များကို စိုက်ပျိုးရေး၊ ကန်ပတ်လမ်းတစ်လျောက် အမှိုက်ကင်းစင်ရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးတို့ကို မှာကြားခဲ့သည်။

23-Jul-2025
2025 Ayeyarwady Division