ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုမြေဩဇာများပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ်        ဇူလိုင်         ၂၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုမြေဩဇာများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က“နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့်ဆောင်ရွက်သော မိုးစပါးစိုက် တောင်သူများအား ဝယ်ယူကြိတ်ခွဲအဖွဲ့များက သွင်းအားစုမြေဩဇာများ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးစိုက်ဧက(၆၀)ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ပါကြောင်း၊ ဝယ်ယူကြိတ်ခွဲအဖွဲ့များက သွင်းအားစုများ ထောက်ပံ့ပေးအပ်ရာတွင် တောင်သူများ၏လက်ဝယ်အချိန်မီရောက်ရှိရန်လိုပါကြောင်း၊ သွင်းအားစုများရရှိသည့်တောင်သူများသည်လည်း သွင်းအားစုနှင့်ညီမျှသည့် သီးနှံများပြန်လည်ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်၍ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းကိုအခြေခံ၍ စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်ခဲ့သည်။

21-Jul-2025
2025 Ayeyarwady Division