ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်ကာလမှ ယနေ့အထိ တိုင်းဒေသကြီး၏ လုပ်ဆောင်မှုများမှတ်တမ်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ပုသိမ် ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်ကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိ တိုင်းဒေသကြီး၏ လုပ်ဆောင်မှုများမှတ်တမ်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီး၏ လုပ်ဆောင်မှုများကို မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များပြည့်စုံစွာပြုစုရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ဆောင်ရွက်ချက်များသည် နှစ်အလိုက် မှတ်တမ်းမှတ်ရာများရှိပြီးဖြစ်ပါကြောင်း၊ မှတ်တမ်းများဆောင်ရွက်ရာတွင် အချက်အလက်များ ကျန်ခဲ့မှုမဖြစ်ပေါ်စေရေးအတွက် ဌာနအသီးသီးမှကော်မတီဖွဲ့စည်း၍ ဓာတ်ပုံ အရည်အသွေးကောင်းမွန်စေရေး၊ အချက်အလက်များ ပြည့်စုံမှန်ကန်ရေးကို အလေးထား ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ဌာနများအနေဖြင့်လည်း မိမိတို့၏ဌာနများအလိုက် ဆောင်ရွက်ချက် များကိုလည်း ဆွေးနွေးကြရန်လိုပါကြောင်း” အမှာစကား ပြောကြားသည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတ ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် အစည်းအဝေးသို့တက်ရောက်လာသူများက တိုင်းဒေသကြီး၏ လုပ် ဆောင်မှုများကို မှတ်တမ်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

15-Jul-2025
2025 Ayeyarwady Division