ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး

ပုသိမ် ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ အရေပြားရောဂါ အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန်၊ သွားအထူးကုဆရာဝန်၊ ဓါတ်မှန်/အာထရာဆောင်း အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသမှုပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင် အထွေထွေရောဂါကုသလူနာ(၄၁၃) ဦး၊ မျက်စိရောဂါကုသလူနာ(၁၅၆) ဦး၊ အရိုး၊ အကြော၊ အဆစ်လူနာ (၁၇၁) ဦး၊ ခွဲစိတ်လူနာ(၂၈) ဦး၊ ကလေးလူနာ(၃၅) ဦး၊ ပြန်လည်သန်စွမ်းရေးလူနာ (၁၀) ဦး၊ သားဖွားမီးယပ်လူနာ(၄၁) ဦး၊ အရေပြားလူနာ (၅၂) ဦး၊ စိတ်ကျန်းမာရေးလူနာ(၆)ဦး၊ သွားနှင့်ခံတွင်းလူနာ(၉၂) ဦး စုစုပေါင်းလူနာ(၁၀၀၄) ဦးအား အခမဲ့ကုသပေးခဲ့ပြီး အသေးစားခွဲစိတ်မှု (၅) ဦး ဆီးချိုစစ်ဆေးခြင်း (၂၀၀)ဦး၊ အီးစီဂျီရိုက်ခြင်း (၅၀)ဦး၊ ဓာတ်မှန်ရိုက်ခြင်း(၅)ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း(၇၀)ဦး ပြုလုပ်ပေးခဲ့ပါကြောင်းနှင့် ပုသိမ်ဆေးရုံကြီးသို့ လူနာ (၈၆) ဦး ညွှန်းပို့ခဲ့ပါသည်။ ထို့နောက် ၎င်းဆေးခန်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသုတ်မြို့ဒေသခံလုပ်ငန်းရှင်များက ဆေးလာရောက်ကုသမှုခံယူသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၄)ပြည်အိတ် (၁)အိတ်နှုန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ပါသည်။

13-Jul-2025
2025 Ayeyarwady Division