ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာတွင်ပြုလုပ်သည့် လက်ဆွဲကောက်စိုက်နှင့် မျိုးစေ့ချကိရိယာများပေးအပ်ပွဲသို့တက်ရောက်

ပုသိမ် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာတွင်ပြုလုပ်သည့် လက်ဆွဲကောက်စိုက်နှင့် မျိုးစေ့ချကိရိယာများပေးအပ်ပွဲ၊ တောင်သူဦးကျော်ရွှေ၏ စိုက်ဧက(၅)ဧကတွင် ဝါးခယ်မမြို့စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၇၈)စက်မှုလယ်ယာစခန်မှ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ မိုးစပါးမျိုးစေ့ချကိရိယာဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်း၊ လက်ဆွဲကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း အခမ်းအနားများသို့တက်ရောက်၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းတို့အား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများထံသို့ လက်ဆွဲကောက်စိုက်နှင့် မျိုးစေ့ချကိရိယာများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုနှစ်တွင်တိုင်းဒေသကြီးအနေဖြင့် မိုးစပါး ပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့် နှစ်ဖြစ်ပါကြောင်းနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက်လည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ကောက်စိုက်စက်၊ အစေ့ချကိရိယာများနှင့် စိုက်ပျိုးခြင်း၊ အထွက်တိုးမျိုးစပါးများ အသုံးခြင်းများကိုစနစ်တကျ ဆောင်ရွက်ကြရမှဖြစ်ပါကြောင်းနှင့် ကြဲခင်းစနစ်ပပျောက်ရေးကိုလည်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်ရေးအတွက်လည်းတောင်သူများ၊ ဌာနဆိုင်ရာများပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး သာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ကျန်ကဏ္ဍများကိုလည်းတပြေးညီ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် ပြည်သူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်” ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

 

01-Jul-2025
2025 Ayeyarwady Division