ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၄)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်စာစီစာကုံးပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေး

ပုသိမ် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ပုသိမ် တက္ကသိုလ်၊ မြတ်လေးဆောင်တွင်ပြုလုပ်သည့် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့က ကြီးမှူးကျင်းပသည့် (၂၄)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့် ပညာအဆင့် စာစီစာကုံးပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန်သင်တန်းများမှ ပြိုင်ပွဲဝင်များယှဉ်ပြိုင်ရမည့်ခေါင်းစဉ်များကို မဲနှိုက် ရွေးချယ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စာစီစာကုံးယှဉ်ပြိုင်နေမှု များကိုကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပုသိမ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)တို့မှ ဘွဲ့ကြို သင်တန်းသား(၈၉)ဦး၊ ဘွဲ့လွန်သင်တန်းသား (၂၇)ဦး၊ စုစုပေါင်း(၁၁၆)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

01-Jul-2025
2026 Ayeyarwady Division