ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တက်ရောက်

ပုသိမ် ဇွန် ၁၇

တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတ ရေးရာဝန်ကြီး၊ ကော်မတီဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်းတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏အစည်းအဝေးဆုံးဖြတ်များအပေါ် တိုင်းဒေသကြီး ကော်မတီအနေဖြင့် ဆောင်ရွက်ရန်၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် တိုးတက်လာသည့် အခြေအနေများကို တင်ပြပေးစေလိုကြောင်း၊ ကော်မတီအဖွဲ့ဝင် တာဝန်ရှိသူများကလည်း မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများကိုလည်း အသေးစိပ်တင်ပြရန်နှင့် တင်ပြချက်များပြည့်စုံစေရေးနှင့် ကျန်ရှိမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းတန်းသယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ၏ ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကိုလည်း ဝိုင်းဝန်းဆွေးနွေးတင်ပြပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးအဆင့်ပင်လယ်ကမ်းရိုးတန်းတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ အတွင်းရေးမှူး၊ သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကျင်းပပြီးနိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်ကလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

17-Jun-2025
2025 Ayeyarwady Division