ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇွန် ၁၄

၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပိုက်ကျော်ခြင်းအားကစားသမားများနှင့် အားကစား ဝါသနာရှင်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက်အမျိုးသားပိုက်ကျော်ခြင်း (နှစ်ယောက်တွဲ) ဗိုလ်လုပွဲစဉ်အဖြစ် မအူပင်မြို့နယ်အသင်းနှင့် ပန်းတနော်မြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားရာ မအူပင်မြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပိုက်ကျော်ခြင်း (သုံးယောက်တွဲ) ဗိုလ်လုပွဲစဉ်အဖြစ် မအူပင်မြို့နယ်အသင်းနှင့် ပုသိမ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ မအူပင်မြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်း (သုံးယောက်တွဲ) ဗိုလ်လုပွဲစဉ်အဖြစ် ဘိုကလေးမြို့နယ်အသင်းနှင့် ပုသိမ်မြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားရာ ပုသိမ်မြို့နယ်အသင်းက နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပွဲစဉ်တစ်လျောက် အကောင်းဆုံးဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော မြို့နယ်များအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော မြို့နယ်များအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော မြို့နယ်များနှင့် အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော မြို့နယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသည့် မအူပင်မြို့နယ်အသင်းနှင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသည့် ပုသိမ်မြို့နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင် U - ၁၈ ဘောလုံးအသင်းနှင့် ပြေးခုန်ပစ် အသင်းတို့အား အဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပြီးကာ ဆုရရှိသောအားကစားသမားများအား ရင်းရင်းနှီးနှီးနုတ်ဆက်ခဲ့ပါသည်။

14-Jun-2025
2025 Ayeyarwady Division