ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုနှင့် ၂၀၂၅ခုနှစ်၊ အစိုးရ ဓမ္မာစရိယ စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေး

ပုသိမ် ဇွန် ၃

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် တက်ရောက်ပညာသင်ကြားနေမှုများကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများကျောင်းအပ်နှံမှုအခြေအနေများ၊ လျာထားကျောင်းသားအင်အားပြည့်မီရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဆရာ၊ ဆရာမ အင်အားစာရင်းနှင့် လျာထားချက်ပြည့်မီရေး ဆက်လက်ကျောင်းအပ်လက်ခံသွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စဉ်ဆက်မပြတ် အတန်းစဉ် ကူးပြောင်းမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေး၊ လျာထားကျောင်းသားအင်အား ပြည့်မီရေး အတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများ ကောင်းမွန်ရေး၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများစုံလင်စွာထားရှိရေး၊ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ရေးနှင့် ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များ ပေါက်ဖွားနိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက် ရေး၊ လျာထားကျောင်းသားအင်အားပြည့်မီရေးအတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကိုးသိန်းအားကစားကွင်းသို့ သွားရောက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးနှင့်ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရန်အတွက် အားကစားခန်းမပြင်ဆင်နေမှု၊ အားကစားကွင်းပြင်ဆင်နေမှု၊ ကစားသမား တည်းခိုဆောင်ပြင်ဆင်နေမှုနှင့် ထမင်းစားဆောင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားခန်းမအောက်ကြမ်းခင်းပျက်စီးမှုများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်၊ အားကစား သမား တည်းခိုဆောင်များ ပြုပြင်ဆောင်ရွက်သွားရန်၊ လျှပ်စစ်မီးကြိုးများစနစ်တကျ သွယ်ထားရန်၊ အားကစားခန်းမ၊ အားကစားကွင်း၊ တည်းခိုဆောင်ပတ်ဝန်းကျင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ထမင်းစားဆောင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်ရှင်းသောအစားအသောက်များ ဖြစ်စေရေးနှင့် ပြင်ဆင်မှုလုပ်ငန်းများအား စနစ်တကျရှိစေရေးနှင့် အချိန်မီပြီးစီးစေရေးတို့ကို တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်၍ မန္တလေးငလျင်ကြီးကြောင့် ခေတ္တရွှေ့ဆိုင်းခဲ့ရသည့် ၂၀၂၅ခုနှစ်၊ အစိုးရ ဓမ္မာစရိယစာမေးပွဲကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်(ပုသိမ်စာဖြေဌာန)တွင် ပြန်လည်ကျင်းပ လျက်ရှိရာ သံဃာတော်များစာဖြေဆိုနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူ များနှင့်အတူ မွန်းလွဲပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဩဝါဒါဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များအားဖူးမြော်ကြည်ညိုခဲ့ပြီး ဆရာတော်ကြီးများ၏ ဩဝါဒများခံယူကာ သာသနာရေး ဆိုင်ရာကိစ္စများနှင့် ဆရာတော်သံဃာတော်များ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ တင်ပြလျှောက်ထားခဲ့ပြီး ဩဝါဒါဆရာတော်ကြီးများ၊ အထူး ကြီးကြပ်ရေးဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များနှင့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာပေးပွဲဖြေဆိုမည့် စာဖြေသံဃာတော်များအတွက် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်စာဖြေဌာန၊ ဟင်္သာတစာဖြေဌာန၊ မြောင်းမြစာဖြေဌာန၊ ဖျာပုံစာဖြေဌာန၊ ညောင်တုန်းစာဖြေဌာန၊ မော်လမြိုင်ကျွန်းစာဖြေဌာနတို့တွင် ကျင်းပသည့် ဓမ္မာစရိယစာမေးပွဲ (ဒုတိယ)နေ့အဖြစ် ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာအား သံဃာတော်(၂၇၁)ပါး၊ သီလရှင်(၂၉)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းသိရသည်။

03-Jun-2025
2025 Ayeyarwady Division